Website တည်ဆောက်ပေးခြင်း

  • Home

  • /
  • Website တည်ဆောက်ပေးခြင်း

ယခုအခါတွင် လုပ်ငန်းအများစုသည် IT၏အရေးပါမှုကို သိရှိလာကြပြိး လုပ်ငန်းလုပ်ဆောင်မှု ဈေးကွက်ရှာဖွေမှု ကြော်ငြာခြင်း တို့ကို online မှတဆင့် လုပ်ဆောင် လာကြ သည်ကို တွေ့ရပါသည်။ ထို့ကြောင့် လုပ်ငန်းများသည် ကိုယ်ပိုင်webstie လုပ်ဆောင်ရန် အထူး စိတ်ပါဝင်စား လာကြပြီဖြစ်ပါသည်။ ထိုသို့ဈေးကွက် ကျယ်ပြန့်လာသည်နှင့် အမျှ website တည်ဆောက် ပေးသော လုပ်ငန်းများ မြောက်များစွာ ပေါ်ထွက်လာ ပါသည်။ ထို့ကြောင့် website ပြုလုပ်လိုသော လုပ်ငန်းရှင် များမှာ စိတ်ချယုံ ကြည်ရသော ၀န်ဆောင်မှုပေးမည့် လုပ်ငန်းကို အသေအချာ ရှာဖွေ ကြရပါသည်။

ကျွန်တော်တို့ New Worth အနေ ဖြင့် လူကြိးမင်း တို့အတွက် ယုံကြည် စိတ်ချရသော ၀န်ဆောင်မှု၊ သက်သာသော ဈေးနှုန်း၊ လှပသော ဒီဇိုင်းများဖြင့် ၀န်ဆောင်မှု ပေးနိုင်ရန် စောင့်မျှော် လျက်ရှိပါသည်။ အောက်တွင် ဖော်ပြထားသော plan package များအတွင်း မှ စိတ်ကြိုက် ရွေးချယ်ပြီး ဆက်သွယ် ၀ယ်ယူနိုင် သကဲ့သို့ ပိုမိုသိရှိ လိုပါကလည်း ကျွန်တော်တို့ ထံသို့ ဆက်သွယ် မေးမြန်း နိုင်ပါကြောင်း သတင်းကောင်း ပါးလိုက်ရပါတယ်။

Website များကို static နှင့် dynamic နှစ်မျိုး အဓိက ခွဲခြားနိုင်သည်။static ၏ သဘောမှာ website ၏ data များသည် ကာလကြာရှည် မပြောင်းလဲဘဲ ထားရှိလိုသောအခါ static အမျိုးအစား သုံးသင့်သည်။ static website များကို ပြု ပြင်လိုသောအခါ ကျွမ်းကျင် programmer များမှ coding ဖြင့် ပြင်ဆင်ပေးရခြင်းဖြစ်ပါသည်။

Dynamic အမျိုးအစားသည် စာသား အချက်အလက်များ  မကြာခဏ ပြောင်းလဲလိုသောအခါ အသုံးပြု သင့် ပါသည်။ ထိုသို့ ပြောင်းလဲ ရလွယ်ကူစေရန်လည်း CMS (content management system) ကိုလည်းထည့်သွင်းရေးသားကြပါသည်။

ထို့ကြောင့် ဈေးနှုန်းအရ ယှဉ်လျင် static သည် ဈေးသက်သာပြီး dynamic သည် ဈေး နှုန်း ပိုနေသည်ကိုတွေ့ရမည်ဖြစ်သည်။ သို့ရာတွင် ကိုယ်တိုင် ပြု ပြင် နိုင်သည့်အတွက် static ကဲ့သို့ ပြု ပြင်လိုသော အခါတိုင်း programmer သို့ ပေးရသော cost မရှိတော့ ပဲ ကုန်ကျစရိတ် လျော့ကျနိုင်ပါသည်။

ဈေးနှုန်းများ အသေးစိတ် ကြည့်ရှုရန်

buildingweb
Call us: 0943174617