About New Worth Co., Ltd [Myanmar website creator]

  • Home

  • /
  • About New Worth Co., Ltd [Myanmar website creator]

NEWWORTH

New worth Co.,Ltd သည် စက်တင်ဘာလ ၂၀၁၂ ခုနှစ် တွင် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့တွင် စတင် ဖွဲ့စည်း တည်ထောင် ခဲ့ပါသည်။ လူကြီးမင်း တို့၏ စီးပွားလုပ်ငန်းများ အတွက် လိုအပ်သော Website များ၊ Web application များ နှင့် အခြား IT ၀န်ဆောင်မှု များကို စိတ်တိုင်း ကျစေရန် ၀န်ဆောင်မှုများ ပေးနေပါသည်။

ကုမ္ပဏီ ရုံးခန်းမှာ ရွှေဂုံတိုင် မီးပွိုင့် ရှိ ယုဇန တာဝါ ဒုတိယထပ် အခန်း (၂၀၅) တွင်တည်ရှိ ပါသည်။ ကုမ္ပဏီတွင် ကျွမ်းကျင် programmer များ၊ ကျွမ်းကျင် designer များဖြင့် customer များစိတ်ကြိုက် product များ ကို ထုတ်လုပ် ပေးနေပါသည်။ နံနက် ၉ နာရီမှစ၍ ညနေ ၆ နာရီအထိ ရုံး အလုပ်ချိန် အတွင်း ရုံးခန်းသို့ တိုက်ရိုက် ဆက်သွယ် နိုင်ပါသည်။ ယခုအခါတွင် မြန်မာနိုင်ငံတွင် IT ၏ အခန်းကဏ္ဍ အရေးပါမှုကို သိမြင်လာကြသည်နှင့် အမျှ IT software လုပ်ငန်း များ စွာ လုပ်ကိုင် လာကြသည် ကိုတွေ့မြင် လာရပါသည်။ ထို့ကြောင့် ၀ယ်ယူလိုသူများ အနေဖြင့် မိမိ တို့အတွက် အမှန်တကယ် လိုအပ်ချက်ကို ဖြည့်စွမ်းပေးနိုင်မည့် သင့်တော်သော လုပ်ငန်းကို သေချာရွေးချယ်ရန် လိုအပ် လာပါသည်။ ကျွန်တော်တို့ကုမ္ပဏီမှ လိုအပ်ချက်များကို အမှန်တကယ် ဖြည့်ဆည်း ပေးနိုင်ရန် ဟူသော ရည်ရွယ်ချက် ထားရှိကာ လုပ်ငန်း အသီးသီး အတွက် သင့်လျော်သော ဈေးနှုန်းများ နှင့် ၀န်ဆောင်မှု များကို သတ်မှတ်ထားပါသည်။ ထို့ပြင် အမှန်တကယ် ကျွမ်းကျင် သော ပညာရှင်များ ဦးစီး လုပ်ကိုင်သောကြောင့် အရည်အသွေး နှင့် စိတ်ချရမှုကို အာမခံ ပေးနိုင် ပါသည်။ ထို့ကြောင့် ကျွန်တော်တို့ ဆီကို ယုံကြည် စိတ်ချစွာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်လိုက် ပါတယ်။ အစအဆုံး ကို စိတ်တိုင်ကျ သည်အထိ တာဝန်ယူ လုပ်ကိုင်ရန် အသင့် ရှိနေပါသည်။

banner
Call us: 0943174617